Your Entertainment Guide

Menu

8Day's Interview

To & From Russell

  • Written by  မွန်မွန် မကွေး
  • Print
  • Email

Q .Russell မှာမွေးချင်း မောင် နှမ ဘယ်နှယောက်ရှိလဲရှင့်။

A . မွေးချင်းမောင်နှမ မရှိပါ ဘူး။တစ်ဦးတည်းသောသားပါခင်ဗျ။

Q .Russell ရဲ့အကြိုက်ဆုံး အစားအစာက။

A . European အစားအစာ ကြိုက်ပါတယ်။ ရခိုင်မုန့်တီလည်း ကြိုက်ပါတယ်။


Q . အိမ်မွေး တိရစ္ဆာန်ဆို ဘယ်လိုကောင်မွေးချင်လဲ။

A . အိမ်မွေး တိရစ္ဆာန်ဆိုရင် သိပ်မကြီးတဲ့ ရှီဝါးဝါးလို.. ခွေး သေးသေးလေးတွေပေါ့။ အဲ့ဒီလို မျိုးသေးသေးလေးတွေမွေးချင်ပါ တယ်။


Q . အစ်ကို ကြိုက်တဲ့ အဝတ် အစားက။

A . ပေါ့ပေါ့ပါးပါး စတိုင်လ် မျိုးနဲ့ Classic ဖြစ်တဲ့ပုံစံမျိုးတွေ ကြိုက်ပါတယ်..ဘယ်အချိန်ကြည့် ကြည့် မရိုးသွားတဲ့ စတိုင်လ်မျိုးပေါ့။


Q . အစ်ကို့ ဘဝရဲ့ လက်စွဲ ဆောင်ပုဒ်က။

A . လူတစ်ယောက်ကို ဆက် ဆံမယ်ဆိုရင်..ကိုယ့်ကို ဆက်ဆံ ချင်သလို ဆက်ဆံပါ။ ကိုယ်ကRespect ပေးရင် ကိုယ့်ကိုလည်း Respect ပြန်လာမယ်။ ကိုယ်က သူများကို ဆိုးဆိုးဝါးဝါး ဆက်ဆံရင်သူ များကလည်း ကိုယ့်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံမယ်ပေါ့။ အဲ့ဒါ ကျွန်တော့် ရဲ့ဆောင်ပုဒ်လေးပါ။


Q . အမြဲအားပေးနေမယ်နော်။

A . ကျေးဇူးတင်ပါတယ်။

Rate this item
(0 votes)
back to top
Ads-here.png



adv2