Your Entertainment Guide

Menu

8Day's Interview

ထိပ်ထိပ်ကို ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းပေမဲ့ ကြော်ငြာလောက်ပဲ ရိုက်ခွင့်ပေးထားတယ်

  • Written by  ကလောင် - Olive
  • Print
  • Email

ခိုင်သင်းကြည်

ကြော်ငြာခေတ်ဦးကတည်းက အောင်မြင်မှုအရှိန်အဟုန်ပြင်းပြင်းနဲ့ အနုပညာလောကထဲ ရောက်ရှိလာ သူက ခိုင်သင်းကြည်ပါ။

ယနေ့ထိ ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားတွေ လက်ခံရိုက်ကူးနေရဆဲဖြစ်ပြီး သမီး ဖြစ်သူ စံထိပ်ထားဦးကိုပါ အနုပညာ အမွေဆက်လက်ပေးဝေနိုင်သူတစ် ယောက်လည်းဖြစ်ပါတယ်။ သရဲ သင်္ဘောမှာ ခန့်စည်သူနဲ့ တွဲဖက် ညီညီ သရုပ်ဆောင်ထားတဲ့ ခိုင်သင်း ကြည်ကို ခဏတာ မေးဖြစ်ခဲ့ပါ တယ်။

Q . ရိုက်ကွင်းတွေ နယ်မှာ ဆက်တိုက်ဖြစ်တဲ့အခါ ဘယ်လိုဖြတ် သန်းလဲ။
A . နယ်တွေထွက်ရရင် အိမ်နဲ့ ဝေးတော့ ၤFeeling တော့ နည်း နည်းဖြစ်တာပေါ့။ ကြာလာတော့ Psycho ဖြစ်တာပေါ့။ နယ်တွေမှာ က ညနေဘက်ဆို ကိုယ်တစ် ယောက်တည်းဖြစ်နေရော။

ဟိုတယ် မှာ နေရတော့ အိမ်နဲ့မတူဘူး။ အထီးကျန်ဆန်တာပေါ့။ ခုတော့ သုံးကား၊ လေးကား ဆက်တိုက် ရန်ကုန်မှာပဲ ရိုက်ဖြစ်နေတယ်။ နယ် သွားရင် ကျန်တဲ့သူက မပြောဘူး။ ထိပ်ထိပ်ကပြောတာ။ နယ်မထွက် စေချင်ဘူး။

Q . ထိပ်ထိပ်ကိုရော သရုပ် ဆောင်တာနဲ့ပတ်သက်ပြီး ဘယ်လို စီစဉ်ပေးဖြစ်လဲ။
A . ထိပ်ထိပ်ကို သိပ်အများ ကြီးပေးမရိုက်ဘူး။ လာပြောတာ လေးတွေကို မခိုင်က တန်းလေးတစ် ခုသတ်မှတ်ပြီး သူ့ကိုရိုက်ခိုင်းတယ်။ အများကြီးဆိုတော့ စာလည်းလုပ်ရ သေးတော့ စာဘက်အာရုံလျော့ သွားမှာစိုးလို့။ ရုပ်ရှင်ကားကြီးနှစ် ကား၊ သုံးကားရှိပြီ လာပြောတာ။

မခိုင်က ပေးမရိုက်တာ။ ကြော်ငြာ
လောက်၊ ဓာတ်ပုံလောက်ပဲ ပေးရိုက် ဖြစ်တယ်။ မခိုင်တုန်းကတော့ ကြော်ငြာလေးရိုက်ရဖို့ကို တော် တော်ကြိုးစားရတယ်။

 

Q . ကြော်ငြာကနေ ရုပ်ရှင်ရိုက် ဖို့ ဘယ်လောက်ကြာခဲ့လဲ။
A . တော်တော်နဲ့ မရိုက်ရပါ ဘူး။ ငါးနှစ်လောက်ကြာခဲ့တယ်။ ကြော်ငြာချည်းပဲ သီးသန့်ရိုက်ရတာ။ ကြော်ငြာချည်းပဲ သီးသန့်ရိုက်ရတာ တော့ အဲဒီအချိန်တုန်းက ကျောင်း တောင် မနည်းတက်ယူရပါတယ်။

ပြက္ခဒိန်ဆို ရာချီရိုက်ရတဲ့ခေတ်ကိုး။ ကြော်ငြာဆို တစ်ပတ်ကို နှစ်ခု၊ သုံး ခုရိုက်ရတာ။ နောက်ပရိသတ်က တဖြည်းဖြည်းတောင်းဆိုလာတော့ အဖေက ခွင့်ပြုလိုက်တယ်။ သူ ဘယ်လိုမှတားမရတော့ဘူး။

Q . အဖေက မျက်ခုံးမွေးရိတ် တာ မကြိုက်ဘူးလို့ ဖတ်ဖူးတယ်။
A . ဟုတ်တယ်။ ခုက နောက် တစ်ယောက်တောင် တိုးလာပြီ။ ဦးခန့်နိုင်ကလည်း မျက်ခုံးမွေး မရိတ် နဲ့တဲ့။

Q . ကျန်းမာရေးအလှအပနဲ့ ပတ်သက်ပြီး ဘယ်လိုတွေထိန်းသိမ်း ဖြစ်လဲ။
A . ကျန်းမာရေးကတော့ ဂရု စိုက်ရတယ်။ တစ်ခါတလေ အလုပ် တွေများတော့ ပုံမှန်တော့မလုပ်ဖြစ် ဘူး။ အိမ်မှာတော့ စက်ပေါ်မှာ ပုံ မှန်လမ်းလျှောက်တယ်။

နယ်ထွက် ရင်တော့ ကိုယ်တည်းတဲ့ဟိုတယ်မှာ အားကစားခန်းမရှိရင် သွားတယ်။ အဲဒီလောက်ပါပဲ။ နာရီတွေ အများ ကြီးလေ့ကျင့်ခန်းလုပ်တာမျိုးတော့ မရှိပါဘူး။ ကိုယ့် ဒီအရွယ်မှာ ခန္ဓာ ကိုယ်လှဖို့ထက် ကျန်းမာပြီး Jet ဖြစ် နေဖို့လောက်ပဲ ကစားပါတယ်။


Rate this item
(0 votes)
back to top
Ads-here.png



adv2